ကိုယ်ဝန်ဆောင်ချိန်တွင် အကိုက်အခဲပျောက်ဆေးများ သုံးစွဲမှုကို သတိထားသင့်ကြောင်း အမေရိကန် FDA အကြံပြု - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Wednesday, December 13, 2017

ကိုယ်ဝန်ဆောင်ချိန်တွင် အကိုက်အခဲပျောက်ဆေးများ သုံးစွဲမှုကို သတိထားသင့်ကြောင်း အမေရိကန် FDA အကြံပြု


ကိုယ်ဝန်ဆောင်နေစဉ် အတောအတွင်း အကိုက်အခဲပျောက်ဆေးများ သုံးစွဲမှုနဲ့ပတ်သက်ပြီး အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးအဖွဲ့ (US FDA) မှ ပြန်လည် သုံးသပ်မှုပြုလုပ်ခဲ့ပါတယ်။

          စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများ (NSAID)၊ မူးယစ်စေတတ်တဲ့ အကိုက်အခဲပျောက်ဆေးများ (Opioid)  နဲ့ ပါရာစီတမောလို့ လူသိများတဲ့      Acetaminophen ဆေးဝါးတွေဟာ နာကျင်ကိုက်ခဲမှုဝေဒနာကို ကုသတဲ့ ဆေးတွေဖြစ်ပါတယ်။

          Ibuprofen, Diclofenac, Celecoxib စတဲ့ NSAID ဆေးဝါးတွေဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ ကိုယ်ဝန်ပထမ 3 လအတွင်းမှာ Oxycodone, Hydrocodone, Hydromorphone, Morphine နဲ့ Codeine စတဲ့ Opioid ဆေးဝါးတွေကို သုံးစွဲပါက ကလေးငယ်မှာ ဦးနှောက်၊ ကျောရိုးမကြီး ဒါမှမဟုတ် ကျောရိုးမအတွင်းရှိ အာရုံကြောမကြီးနဲ့ပတ်သက်တဲ့ မွေးရာပါချို့ယွင်းမှုတွေကို  ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ကာလအတွင်း ပါရာစီတမောအသောက်များတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်မှုအားနည်းတဲ့ရောဂါကို ခံစားရနိုင်ပါတယ်။

          ဒါပေမယ့် တဖက်မှာလည်း ပြင်းထန်တဲ့နာကျင်မှုဝေဒနာကို ထိထိရောက်ရောက် မကုသဘဲထားရင် မိခင်လောင်းဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်းနဲ့ သွေးပေါင်ချိန်မြင့်မားခြင်းတို့ကို ခံစားရနိုင်ပါတယ်။

 ယခုအချိန်ထိ ပေါ်ထွက်လာခဲ့တဲ့လေ့လာမှုရလဒ်များအရ ကိုယ်ဝန်ဆောင်မိခင်များအတွက် ဘေးထွက် ဆိုးကျိုးအနည်းဆုံးဆေးကို အကြံပြုထောက်ခံဖို့ ခက်ခဲတာကြောင့် ကိုယ်ဝန်ဆောင်များအနေနဲ့ အကိုက်အခဲပျောက်ဆေးများ သုံးစွဲလိုပါက နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့သာ တိုင်ပင်သင့်တယ်လို့ US FDA က ဆိုပါတယ်။

Dr. Htet Htet Aung
www.drmyanmar.com

No comments:

Post a Comment

Post Top Ad