ကိုယ်ဝန်ဆောင်မိခင်တွေ သိသင့်တဲ့ရေမြွှာရေအကြောင်း - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Wednesday, December 13, 2017

ကိုယ်ဝန်ဆောင်မိခင်တွေ သိသင့်တဲ့ရေမြွှာရေအကြောင်း


ရေမြွှာရေဆိုသည်မှာ ပဋိသန္ဓေတည်ပြီးနောက် 12 ရက်အကြာမှာ ဖြစ်ပေါ်လာတဲ့ အ၀ါရောင်အရည်ကြည်တွေ ဖြစ်ပါတယ်။ ရေမြွှာရေမှာ များစွာသော အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေရှိပြီး သန္ဓေသားလောင်းကျန်းမာစွာဖွံ့ဖြိုး ရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒါကြောင့် ရေမြွှာရေအကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။

♦ ရေမြွှာရေဆိုတာဘာလဲ

          မိခင်ဝမ်းဗိုက်အတွင်းမှာ ကလေးငယ်ဟာ အမြှေးပါးနှစ်ခု ပေါင်းစပ်ထားတဲ့ ရေမြွှာအိတ်ထဲမှာနေပြီး ဖွံ့ဖြိုးကြီး ထွားပါတယ်။ ရေမြွှာအိတ်ထဲမှာရှိတဲ့ ရေမြွှာရေက ကလေးငယ်ကို ၀န်းရံထားပါတယ်။
          ကိုယ်ဝန်အစောပိုင်းကာလများတွင် ရေမြွှာရေကို မိခင်ထံမှ ရေနဲ့ဖွဲ့စည်းထားပေမဲ့ ကိုယ်ဝန်အပတ် 20 လောက်မှာတော့ သန္ဓေသားရဲ့ ကျင်ငယ်ရေနဲ့ ပြောင်းလဲအစားထိုးလိုက်ပါတယ်။

          ရေမြွှာရေမှာ ကျင်ငယ်ရေသာမက မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်၊ ဟော်မုန်းနဲ့ ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်နိုင်တဲ့ ပဋိဇီဝပစ္စည်းတွေပါဝင်တာကြောင့် သန္ဓေသားအတွက် သဘာဝတရားကပေးတဲ့ အဖိုးတန် လက်ဆောင်ဖြစ်ပါတယ်။

          ရေမြွှာရေရဲ့အရောင်ဟာ အစိမ်းရောင် (သို့) အညိုရောင်ရှိလျှင် ကလေးဝမ်းသွားတယ်လို့ပြောနိုင်ပါတယ်။ ဒါဟာ ကလေးရဲ့ ပထမဦးဆုံး အူလှုပ်ရှားမှုဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုက်နာနေစဉ် ရေမြွှာရေထဲတွင်ငယ်ချီးပါနေပါက ကလေး အန္တရာယ်ရှိနိုင်ပါတယ်။

          ရေမြွှာရေဟာ သန္ဓေသားအတွက်များစွာ အထောက်အကူပြုပါတယ်။ ရေမြွှာရေရှိခြင်းရဲ့ ကောင်းကျိုးတွေက ကလေးငယ်ကို ပြင်ပဖိအား သက်ရောက်မှုကနေ ကူရှင်သဖွယ်ကာကွယ်ပေးထားပါတယ်။ အပူထိန်းပစ္စည်းအဖြစ် ကလေးငယ်ကို နွေးထွေးနေစေပါတယ်။ ပဋိဇီဝပစ္စည်းပါဝင်တာကြောင့် ရောဂါပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင် တယ်။

အဆုတ်နဲ့အစာခြေစနစ် ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါတယ်။ ရေမြွှာရေကို ရှုသွင်းခြင်း၊ မျိုချခြင်းတို့ဖြင့် အဆုတ်နဲ့ အစာအိမ်လမ်းကြောင်းရှိ ကြွက်သားတွေကို အလုပ်လုပ်စေတယ်။

          ရေမြွှာရေအတွင်း လွတ်လပ်စွာလှုပ်ရှားနိုင်တာကြောင့် အရိုးနှင့်ကြွက်သားများကို အချိုးအစားကျနစွာဖွံ့ဖြိုး စေပါတယ်။ ရေမြွှာရေကြောင့် ခြေချောင်း၊ လက်ချောင်းများ ပူးကပ်မနေဘဲ ပုံစံတကျ ကြီးထွားလာပါတယ်။

          ရေမြွှာရေက ချက်ကြိုးကို မဖိမိအောင် ကာကွယ်ပေးထားတာကြောင့် သန္ဓေသားက အစားအစာ နဲ့ အောက်ဆီဂျင်ကိုအချင်းမှ တဆင့်ကောင်းမွန်စွာရယူနိုင်ပါတယ်။ ပုံမှန်အားဖြင့် ရေမြွှာရေပမာဏသည် ကိုယ်ဝန် 34 ပတ်မှ 36 ပတ်အတွင်း အမြင့်ဆုံးဖြစ်လေ့ဖြစ်ပြီး ပမာဏအားဖြင့် 800ml ရှိပါတယ်။ မွေးဖွားရက်နီးလာတာနဲ့အမျှ တဖြည်းဖြည်းနည်းလာပြီး အပတ် 40 လောက်မှာ 600ml လောက်ပဲရှိပါတော့တယ်။

Dr. Htet Htet Aung
www.drmyanmar.com

No comments:

Post a Comment

Post Top Ad