ကိုယ်ဝန်ပထမသုံးလမှာ ဘာတွေရှောင်မလဲ - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Wednesday, January 31, 2018

ကိုယ်ဝန်ပထမသုံးလမှာ ဘာတွေရှောင်မလဲ


ကိုယ်ဝန်ဆောင်စအချိန်တွင် အလွန်အကျွံအန်ခြင်းသည် ပထမသုံးလပတ်တွင် အဆိုးဆုံးဖြစ်သော်လည်း နည်းလမ်းသိလျှင်အဆင်ပြေနိုင်ပါတယ်။ တစ်ယောက်နှင့်တစ်ယောက်ရောဂါ လက္ခဏာပြင်းထန်ပုံနှင့် ဖြစ်ပွားချိန်မတူညီကြသော်လည်း ပထမသုံးလပတ်အတွင်း ရှောင်ကြဉ်သင့်သည့် အစားအစာများကိုတော့သိထားရန်လိုအပ်ပါတယ်။

1. အသားအေးများ
        က အသားပြားအေးတွေမှာ Listeria ဘက်တီးရီးယားပိုးများအမြဲတစေ တွယ်ကပ်နေလေ့ရှိကြောင်းကို အမေရိကန်ကိုယ်ဝန်ဆောင်အဖွဲ့အစည်းကြီးကပြောကြားထားပါတယ်။ Listeria ကြောင့်ဖြစ်တဲ့ ဖျားနာခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်အများဆုံးဖြစ်ကြောင်းကိုလည်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးစင်တာရဲ့ အဆိုအရသိရပါတယ်။ Listeria ပိုးဟာ အချင်းကိုဖြတ်၍ သန္ဓေသားလောင်းကို သေစေနိုင်လောက်သည် ထိ ပြင်းထန်သောရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေစားရမယ်ဆိုရင်တောင် အသားကိုလုံးဝကျက်သည်အထိချက်ပြီး ပူပူနွေးနွေးအချိန်မှာသာ စားသင့်ပါတယ်။

2. အချို့သောငါးများ
        အချို့သောငါးတွေမှာ ပြဒါးဓာတ်မြင့်မားစွာပါဝင်လေ့ရှိတာကြောင့် သန္ဓေသားလောင်းရဲ့ဖွံ့ဖြိုးမှုတွေ ကို နှေးကွေးစေပြီး ဦးနှောက်ကိုလည်းပျက်စီးစေပါတယ်။ ရှောင်ကြဉ်သင့်သည့်ငါးများမှာ -
- နှုတ်ခမ်းဓားကဲ့သို့ချွန်ထက်တဲ့ငါး (swordfish)
- မက်ကရယ်ငါး (Mackerel)
          အစာအဆိပ်သင့်ခြင်းမဖြစ်စေရန် ကိုယ်ဝန်ဆောင်မိခင်များသည် ငါးအစိမ်းနှင့် မကျက်တကျက်ချက်ပြုတ်ထားတဲ့ ငါးမှန်သမျှကိုရှောင်ကြဉ်သင့်ပါတယ်။

3. အစပ်အရသာရှိသော အစားအစာများ
        ကိုယ်ဝန်ပထမသုံးလအတွင်းမှာ ချဉ်ခြင်းတက်လေ့ရှိတာကြောင့် အစပ်ကိုပိုမိုစားသုံးလိုတဲ့ စိတ်ဆန္ဓတွေဖြစ်စေတတ်ပါတယ်။ ဒါပေမယ့်လည်း အစပ်တွေစားခြင်းဟာ ရင်ပူစေရုံသာမက ဝမ်းလျှောခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။

4. ဒိန်ခဲအပျော့များ
        အသားပြားအေးတွေမှာသာမက ဒိန်ခဲအပျော့တွေမှာလည်း Listeria ပိုပါတတ်ပါတယ်။ ဒိန်ခဲတွေအပြင် နွားနို့အစိမ်းတွေ၊ ပိုးသတ်မထားတဲ့နို့တွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာမှန်သမျှကို ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး ရှောင်ကြဉ်သင့်ပါတယ်။

Dr. Thinzar Wynn
www.drmyanmar.com

No comments:

Post a Comment

Post Top Ad