ဗိုက်ခွဲမွေးတဲ့သူတွေ ကလေး နောက်တစ်ယောက် ဘယ်တော့ယူမလဲ - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Wednesday, January 31, 2018

ဗိုက်ခွဲမွေးတဲ့သူတွေ ကလေး နောက်တစ်ယောက် ဘယ်တော့ယူမလဲ


မျက်မှောက်ခေတ်ကာလအိမ်ထောင်ပြုသားမွေးကြတဲ့အမျိုးသမီး လောကမှာဗိုက်ခွဲမွေးဖွားခြင်းဟာ သားဦးကိုယ်ဝန်ဆိုရင် ကိုယ်ဝန်ဆောင် 10 ယောက်မှာ တ၀က်နီးပါးလောက်က ဗိုက်ခွဲမွေးနေကြပါတယ်။

သက်နှောင်းမိခင်များကလည်း နဂိုက ကောင်းကောင်းမွေးလာသည့်တိုင်အောင် အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလာကြပါတယ်။

          ဗိုက်ခွဲမွေးခြင်းသည် အကြီးစားခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် သားအိမ်ကို အနားပေးတဲ့အနေနဲ့  2 နှစ်ခြားသင့်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားကို အာဟာရဓာတ်မျှဝေပေးရခြင်း၊ မွေးဖွားတဲ့အခါ သွေးထွက်ခြင်းတို့ကြောင့် မိခင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သံဓာတ်တွေ ဆုံးရှုံးသွားပါတယ်။

သံဓာတ်ဆုံးရှုံးသွားခြင်းကြောင့် Iron Deficiency Anemia လို့ခေါ်တဲ့ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ပြီးသွေးအားနည်းနေချိန် တွင် နောက်ထပ်ကိုယ်ဝန်ရလာပါက မိခင်ရောသန္ဓေသားအတွက်ပါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် 2 နှစ်မစောင့်နိုင်ရင်တောင် အနည်းဆုံး 1 နှစ်ခြားသင့်ပါတယ်။

မတော်တဆ ကိုယ်ဝန်ရှိလာပါကလည်း ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။

ဒါပေမဲ့အနည်းဆုံး (6) လအတွင်း ကိုယ်ဝန်မရှိအောင် ထိထိရောက်ရောက် သားဆက်ခြားသင့်ပါတယ်။

Dr. Htet Htet Aung
www.drmyanmar.com

2 comments:

  1. ဗိုက်​ခွဲ​မွေးထားတဲ့သူက ​နောက်​ထပ်​ ​မွေးရင်​လည်း ရိုးရိုး​မွေးမရပဲ ဗိုက်​ခွဲပြီးပဲ​မွေးရတယ်​ဆိုတာ ဟုတ်​ပါသလား.... သိတဲ့သူများ ​ဖြေ​ပေးပါ။

    ReplyDelete
    Replies
    1. ဒီနေရာလေးမှာ ဖြေကြားထားတာလေးရှိပါတယ်။ အဲ့ဒါလေးကို သွားဖတ်ကြည့်ပါလို့ အကြံပြုချင်ပါတယ်။

      http://sayarziwaka.blogspot.com/2018/01/blog-post_94.html

      Delete

Post Top Ad