အရက်ကြောင့်ဖြစ်တဲ့ ကလေးငယ်ရဲ့ဝေဒနာ - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Tuesday, January 30, 2018

အရက်ကြောင့်ဖြစ်တဲ့ ကလေးငယ်ရဲ့ဝေဒနာ


ကိုယ်ဝန်ဆောင်ကာလဟာ သန္ဓေသားအတွက် ဘ၀တစ်ခုကို အရှိန်ယူတည်ဆောက်နေတဲ့ ကာလတစ်ခုဖြစ်တာကြောင့် အလွန်အရေးကြီးတဲ့အချိန်တခုဖြစ်ပါတယ်။

သန္ဓေသားရဲ့ကြီးထွားဖွံ့ဖြိုးမှုဟာ မိခင်ရဲ့စားသောက် နေထိုင်မှုပုံစံပေါ်တွင် မူတည်နေတာကြောင့် မိခင်အနေဖြင့် အာဟာရပြည့်ဝအောင် စားသောက်ရုံမက အရက်နှင့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

 မိခင်အရက်သောက်သုံးခြင်းကြောင့် ကလေးငယ်ဟာ “အရက်ကြောင့်ဖြစ်ရသော ကလေးငယ်၏ဝေဒနာ Fetal Alcohol Syndrame (FAS) ကိုခံစားရနိုင်ပါတယ်။

        နှစ်စဉ်အမေရိကန်ကလေးငယ်ပေါင်း 5,000 မှ 12,000 ကျော်ဟာ ၎င်းလက္ခဏာစုနဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။

၎င်းလက္ခဏာစုနဲ့ မွေးဖွားလာသော ကလေးငယ်များအနေဖြင့် -

- အခြားသောကလေးများထက် ကြီးထွားနှုန်းနှေးခြင်း၊
-  ဉာဏ်ရည်နိမ့်ကျခြင်း၊
-  ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိခြင်း၊
-  မျက်ပေါက်ကျဉ်းပြီး မျက်ခွံတွဲကျခြင်း၊
-  ပါးပြင်နှစ်ဘက်ပြားကပ်ခြင်း၊ မေးရိုးသေးခြင်း၊
-  အပေါ်နှုတ်ခမ်းပါးခြင်း၊
-  သင်ယူမှုတွင်အခက်အခဲရှိခြင်း၊
-  စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများနောက်ကျခြင်း
-  ဆုံးဖြတ်ဆင်ခြင်နိုင်စွမ်းအားနည်းခြင်း၊
-  တက်ခြင်း၊
-  အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း

          စိတ်ပူပန်တတ်ခြင်းစတာတွေကို တွေ့ကြုံခံစားရလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အများစုဟာ အရက်သောက်ခြင်းကို ရှောင်ကျဉ်ကြသော်လည်း အချို့သောကိုယ်ဝန်ဆောင်များက ကိုယ်ဝန်ရှိခြင်းကို မသိလို့ဖြစ်စေ၊ ပွဲလမ်းသဘင်ကြောင့်ဖြစ်စေ တခါတရံသောက်သုံးလေ့ရှိပါတယ်။

 အရက်မည်မျှ သောက်သုံးခြင်းက Fetal Alcohol Syndrome ကိုဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထားများမရှိသော်လည်း အရက်သောက်သုံးခြင်းဟာ သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အရက်သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

Dr. Htet Htet Aung

No comments:

Post a Comment

Post Top Ad