နို့တိုက်မိခင်နှင့် အရက်သေစာ - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Wednesday, December 13, 2017

နို့တိုက်မိခင်နှင့် အရက်သေစာ


နို့တိုက်မိခင်ဟာ အရက်ကိုမဖြတ်နိုင်ဘူးဆိုရင်တောင်မှ သတ်မှတ်ထားတဲ့ပမာဏထက်  ပိုမသောက်သင့်ပါဘူး။ American of Paediatrics Section on Breast Feeding က “နို့တိုက်မိခင် တစ်ယောက်ဟာ မိမိရဲ့ကိုယ်အလေးချိန်နဲ့ တွက်မယ်ဆိုရင် အရက်ကို 0.5g/kg ထက် ပိုမသောက်သင့်ပါဘူး။

ဥပမာအနေနဲ့ဆိုရင် ပေါင် 130 ၀န်းကျင်ရှိတဲ့ မိခင်ဟာ တစ်ကြိမ်သောက်ရင် အရက်ပြင်းဆိုလျှင် 60ml၊ ၀ိုင်ဆိုလျှင် 240ml နဲ့ ဘီယာဆိုလျှင် 2 ခွက်ထက်ပိုပြီးသောက်သုံးရန် မသင့်ပါဘူး” ဟု ရှင်းပြထားပါတယ်။

        တစ်ပတ်မှာ 1-2 ကြိမ်လောက်ပဲ သောက်သုံး သင့်ကြောင်းကိုလည်း ကျွမ်းကျင်ပညာရှင်များက အကြံပေးထားပါတယ်။  နို့ရည်ထဲတွင် ပါဝင်လာမည့် အရက်ပြင်းအားအနည်းဆုံးဖြစ်စေရန် အရက်သောက်ပြီး နှစ်နာရီကြာမှ ကလေးကိုနို့တိုက်သင့်ပါတယ်။
ဒါပေမယ့် အရက်တွေ နို့ရည်ထဲပါ မသွားစေဖို့ အရက်သောက်ပြီးပြီးချင်း နို့ရည်ညှစ်ထုတ်တာကတော့  ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလို့ သိရပါတယ်။

အရက်သောက်ြခင်းကြောင့် နို့ထွက်နည်းလာသဖြင့် ကလေးငယ်တွင် အာဟာရလုံလောက်စွာမရခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကလေးငယ်အအိပ်အနေနည်းပါးခြင်းစတဲ့ ဆိုးကျိုးများအပြင် အရက်မူးနေစဉ်တွင် ကလေးငယ်အားဖိမိခြင်းကြောင့် အသက်ရှုရပ်၍ သေဆုံးခြင်းကိုပါ ကြုံတွေ့ရနိုင်ပါတယ်။

Dr. Htet Htet Aung

No comments:

Post a Comment

Post Top Ad