ပွေးပေါက်ရောဂါနှင့် အံ့ဖွယ်ပရန္နဝါ - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Monday, March 5, 2018

ပွေးပေါက်ရောဂါနှင့် အံ့ဖွယ်ပရန္နဝါ


ပွေးပေါက်သူတိုင်း အင်္ဂလိပ်မြန်မာဆေးနည်းအဖြာဖြာဖြင့် ပွေးသတ်
တတ်ကြသည်။ပျောက်သည်လည်းရှိသည်။မပျောက်သူလည်းရှိပြန်
သည်။ဘဝတစ်လျှောက် မှတ်တမ်းတင်နိုင်သည့် မြန်မာ့ဆေးနည်း
လေးကို ပွေးအသေအချာပျောက်၍ မျှဝေလိုက်ပါသည်။
ပရန္နဝါ

ပရန္နဝါ ဆေးပင်
အလေ့ကျပေါက်နေတတ်ပါသည်။ဖြူ ညို နီ(3)မျိုးရှိသည်။
အဖြူမျိုးသည်အရွက်ဝိုင်သည် အနားအနီရောင်ရှိသည်
အနီရွက်ထက်ကြီးသည်။
ပရန္နဝါအဖြူမျိုးသည် ဖန်စပ်ပူသည်
အနီမျိုးသည် ခါးစပ်အေး၏
အညိုမျိုးက ခါးစပ်ပူ၏
မတူညီသောဂုဏ်တို့ရှိသော်လည်း လူသားတို့အား
အကျိုးပြုသည်သာဖြစ်သည်။
ပရန္နဝါ၏ဆေးအသုံးက နက်နဲကျယ်ပြန့်လှပါသည်။


ဒန့်ကျွဲစေ့ ဆေးပင်
ပွေးပျောက်ရန်ဆေးနည်း
ပရန္နဝါရွက်နှင့် ဒန့်ကျွဲစေ့ကို ရောကြိတ်ပြီး ပွေးပေါက်သည့်
နေရာအား ပွတ်တိုက်ပေးခြင်း အုံစည်းခြင်းလုပ်ပေးပါက ပွေးကွက်
ခြောက်ပြီး အလွှာလိုက်ကွာ၍ အပြီးတိုင်ပျောက်လေသည်။
ကြုံဖူးသမျှပျောက်သူချည်းသာဖြစ်သည်။

ပွေး(Dermatophytosis or Ringworm) သုတ
အရေအပြားပေါ်တွင် မှိုကြောင့်ဖြစ်သည့် ယားနာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် လူ၊ အိမ်မွေး တိရိစ္ဆာန်များတွင်တွေ့ရသည်။ ထိုရောဂါကို ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားနေပြီးဟုဆိုသည်။ ချွေးထွက်များသော လူများနှင့်အားကစားသမားများတွင်တွေ့ရလေ့ရှိ
သည်ဟုဆိုသည်။
ပွေးရောဂါလက္ခဏာနှင့်အပြင်ပိုင်းအသွင်အပြင်
ပွေးသည် လူတွင် ဖြစ်တတ်သော အလွန် ယားယံသော အရေပြားရောဂါဖြစ်သည်။ အရေပြားပေါ်ရှိ အနီရောင် အဝိုင်းလေးဖြစ်သည်။ အလယ်က အရောင်ဖျော့ပြီး ဘေးသား တွေက နီနီရဲရဲလေးဖြစ်နေတတ်သည်။ ပွေးပေါက်သူသည်ရှက်ဖွယ်
ရွံ့ဖွယ်ဖြစ်တော့သည်။
အရေပြား မှိုစွဲတက်ရောဂါကို အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်ပွားနိုင်သည်။ ပွေးက အရေပြား ၊ ဦးရေပြား ၊ပေါင်ကြား ၊ ခြေသည်းလက်သည်းကိုယ်လုံးနေရာအနှံ့ဖြစ်နေတော့သည်။
ဆေးရုံဆေးခန်းဆရာဝန်တို့ဖြင့် ကုသရန်ခက်ခဲသူတို့အတွက်သာ…
လိုသူတို့သုံးစိတ်နှလုံးရွှင်ပြုံးကြပါစေ…
ကျမ်းကိုး။ အရှင်နာဂသိန်ပုံဆေးအဘိဓာန်
ရဲမျိုးသူ(ဗောဓိမြိုင်)

No comments:

Post a Comment

Post Top Ad