အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Friday, February 2, 2018

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း


အမျိုးသားတွေမှာ ရောဂါဝေဒနာ ခံစားရတာနဲ့ဆေးကုသမှုခံယူရတာတွေကြောင့် လိင်စိတ်လျော့နည်းမှုဖြစ် တတ်ပါတယ်။ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကအောက်ပါ အ တိုင်း ဖြစ်ပါတယ်။


♦ ပန်းသေပန်းညှိုးရောဂါ


ပန်းသေတာ ဒါမှမဟုတ် ပန်းသေပန်းညှိုးရောဂါဟာ လိင်စိတ်လျော့နည်းတာနဲ့ မတူပါဘူး။ လူငယ်ခုနစ် ရာ ခိုင်နှုန်းကသာ ပန်းသေပန်းညှိုးဖြစ်တတ်ကြပါတယ်။ ပန်းသေပန်းညှိုးရောဂါက အသက်ကြီးလာလေလေ၊
ဖြစ်နိုင်ခြေ ပိုများလေလေပါ။ အသက် ၄ဝ အရွယ်မှာ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅ဝ-၅၉ နှစ်အရွယ်မှာ ရောဂါဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်းနဲ့ အသက် ၆ဝ ကျော်အရွယ်မှာ ရောဂါဖြစ်နိုင်ခြေ ၂၅-၃ဝ ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာပါတယ်။ ပန်းသေပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုကအပြန် အလှန် ဆက်နွှယ်မှုရှိပြီး လိင်စိတ်လျော့နည်းမှုကိုဖြစ်စေနိုင်ပါတယ်။ သတင်းကောင်းအနေနဲ့ ပန်းသေပန်း ညှိုးဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဆေးကုသမှု ခံယူနိုင်ပါတယ်။


♦ ပူပင်သောကများလွန်းခြင်း

အမျိုးတွေမှာ ပူပင်သောက များလွန်းတဲ့အခြေအနေကြောင့် သုက်လွှတ်စောတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဖိအားများတဲ့အခါ လိင်စိတ်လျော့နည်းမှု ဖြစ်ပေါ်တတ်ပါတယ်။


♦ စိတ်ဖိစီးမှုများခြင်း


လုပ်ငန်းခွင်စိတ်ဖိစီးမှုများပြီး စိန်ခေါ်လုပ်ကိုင်ရတဲ့အခါ အောင်မြင်အောင် မလုပ်ဆောင်နိုင်ရင် အမျိုးသား
တွေက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်လျော့နည်းလာပါတယ်။ ဒီအတွက်ကြောင့်လည်း အိမ်ထောင်ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံနိုင်ပါတယ်။


♦ ကျန်းမာရေးအခြေအနေ

အမျိုးသားတွေမှာ နာတာရှည် ရောဂါဝေဒနာတွေကြောင့် လိင်မှုဘဝကို ထိခိုက်စေနိုင်ပါတယ်။ ကင်ဆာနဲ့ စိတ်ကျရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်းမှုတွေကြောင့် လိင်စိတ်ကို လျော့ကျစေနိုင်ပါတယ်။ နှလုံးသွေး
ကြောရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေကြောင့် မျိုးပွားအင်္ဂါအပါအဝင် ခန္ဓာကိုယ်အစိတ် အပိုင်း အားလုံးဆီကို သွေးရောက်ရှိမှု လျော့နည်းသွားပြီး လိင်စိတ်လျော့နည်းစေပါတယ်။ အရက်စွဲတာနဲ့ အရက် ကို အလွန်အမင်းသောက်သုံးတာကြောင့်လည်း လိင်ဆန္ဒ လျော့ပါးစေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူ ထရီဂလင်းအကျိတ် ရှိတာကြောင့်လည်း လိင်စိတ်ကို လျော့ကျစေပါတယ်။ 


♦ ဆေးကုသမှု


စိတ်ကျဝေဒနာကုသဆေး SSRI ဟာ လိင်စိတ်ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေးကလည်း လိင်စိတ် ကို လျော့ကျစေပါတယ်။ မူးယစ်ဆေးတွေသုံးရင်လည်း လိင်စိတ်ကို လျော့ကျစေပါတယ်။ 


♦ အိမ်ထောင်ရေးအဆင်မပြေခြင်း


မပျော်ရွှင်တဲ့ အိမ်ထောင်ရေးအခြေအနေကြောင့် အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းမှု ဖြစ်ရသလို အိပ် ခန်းထဲကို ဒေါသနဲ့စိတ်ပျက်လက်ပျက်ဖြစ်ကာစိတ်ကုန်တဲ့ အတွေးတွေယူဆောင်သွားတာကြောင့် လိင်စိတ်
လျော့နည်းရတတ်ပါတယ်။


♦ မွေးကင်းစကလေးငယ် ပြုစုစောင့်ရှောက်ရခြင်း


တချို့အမျိုးသားတွေအတွက် ကလေးငယ်မွေးဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတားဖြစ်လာပါ တယ်။ မွေးကင်းစကလေးငယ်ကို ပြုစုစောင့်ရှောက်ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ်လျော့နည်း ရတတ်ပါတယ်။

ကေအမ်
ငွေစုစံ ကျန်းမာရေးနှင့် အလှအပ ngwesusan.blogspot.com

No comments:

Post a Comment

Post Top Ad