ကိုယ်ဝန်ဆောင်နှင့် ခါးနာခြင်း - ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

Latest Posts

ဆရာဇီဝက(မြန်မာတိုင်းရင်းဆေးများ)

The first wealth is health 4U(The Collection of Health Tips)

pCloud Premium

Post Top Ad

Your Ads Here - Contact - 09421157911, 09794426154, 09253351244

Post Top Ad

Wednesday, January 31, 2018

ကိုယ်ဝန်ဆောင်နှင့် ခါးနာခြင်း


ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းအပြောင်းအလဲနှင့် ခန္ဓာကိုယ်သွင်ပြင်အပြောင်းအလဲကြောင့် ခါးနာခြင်း ဝေဒနာကို ခံစားရပါတယ်။ ခါးနာနေတယ်ဆိုပါက အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

-    ခုံမထူသော ဖိနပ်များကို ရွေးချယ်ဝတ်ဆင်ပါ။

-    အလေးအပင် မခြင်းရှောင်ကြဉ်ပါ။

-    ပစ္စည်းများကို ကောက်ယူရာမှာလည်း ဒူးကိုကွေးညွတ်ပြီးမှ ကောက်ယူပါ။

-    တနေရာတည်းမှာ အကြာကြီးမရပ်ပါနဲ့။

-    ထိုင်တဲ့အခါမှာ ခေါင်းအုံးကို ကျောနောက်မှာခံပြီးမှ ထိုင်ပါ။

-    မာကျောတဲ့ အိပ်ရာပေါ်မှာ အိပ်စက်ပါ။ လိုအပ်ပါက မွေ့ရာနဲ့ခုတင်ကြားမှာ သစ်သားပြားခံထားပါ။

-    ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးထားပြီး ဘေးတစောင်းအိပ်ပါ။

-    ရေနွေးဖြင့် ရေချိုးပါ။ သို့တည်းမဟုတ် ရေးနွေးအိတ်ကပ်ပါ။

-    နောက်ကြောရှိ ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းလုပ်ပါ။

-    မတ်မတ်ရပ်ပါ။

-    အနေအထားပြောင်းခြင်း၊ အနားယူခြင်း တို့ပြုလုပ်သော်လည်း မသက်သာပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

Dr. Htet Htet Aung
www.drmyanmar.com

No comments:

Post a Comment

Post Top Ad